Genres-Harem, Romantic comedy
Studios-Brain's Base
Total Episodes-26
Status-Completed
Review
Michishino Nagasumi ဆိုတဲ့ကောင်လေးရဲ့ ဘဝဟာ ပုံမှန်ပြန်မဖြစ်နိုင်တော့ပါဘူး..။
(ဘာလို့ပါလိမ့် ဆန်းကြယ်လိုက်တာ)
သူ့ရဲ့နွေရာသီအားလပ်ခရီးစဉ်အတွင်း ထူးဆန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းနဲ့ ကြုံလာတဲ့အခါ.. ပင်လယ်ထဲမှာရေနစ်သေမလိုအထိ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ကံကောင်းစွာနဲ့ ချစ်စရာ ရေသူမလေး Seto Sunဟာ သူ့ကိုကယ်တင်ဖို့ ပေါ်ထွက်လာခဲ့ပါတော့တယ်။
အဲ့ဒီမှာ ပြဿနာစတက်တာပဲ( ・᷄ㅂ・᷅ )
ဖြစ်ချင်တော့ Sun က ရေသူမတောင် ရာကူဇာရေသူမဂိုဏ်းက ဖြစ်နေပါတယ်။ (ဒန်~)
သူတို့ရဲ့မိသားစုဥပဒေ စည်းမျဉ်းစည်းကမ်းအရ လူသားတစ်ယောက်က ရေသူမတစ်ကောင်ကို တွေ့သွားပြီဆိုရင် အဲ့ဒီလူရော ရေသူမပါ အသတ်ခံရမှာဖြစ်ပါတယ်။
အဲ့ဒီအခြေအနေကိုရှောင်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ Nagatsumi အနေနဲ့ Sun ကို လက်ထပ်ပြီး မိသားစုဝင် လုပ်ဖို့ပါပဲ။
(နေရင်းထိုင်ရင်းမိန်းမရတာပေါ့)
နှစ်ယောက်စလုံးရဲ့အသက်ကို ကယ်တင်ဖို့အတွက် Nagatsumiဟာ Sun ကို လက်ထပ်ခွင့်တောင်းဆိုလိုက်ရပါတော့တယ်။
အဲ့ဒီလိုနဲ့ Nagatsumiတစ်ယောက် သူ့ရဲ့နွေအားလပ်ရက်ခရီးဟာလည်း ကပျက်ကချော်တွေနဲ့ Sun ရဲ့လျှို့ဝှက်ကိုလည်း တစ်ခြားသူတွေမရိပ်မိအောင် ကာကွယ်ရပါတော့တယ်။
ကဲ...ကြည့်ရှုသူပရိသတ်ရေ...
ဒီစီးရီးကိုကြည့်ဖို့စဉ်းစားထားရင်တော့ ရေကြိုသောက် သေးကြိုပေါက်ရင်း တစ်ရှုးကိုဆောင်ထားကြပါလေ...။
(မျက်ရည်သုတ်ဖို့ပါ 😐)
Translators - Sharn,Kenneth
Encoders- Williem & Haruko Kirari@Suzanna
Quality - 720p
Download Links
~End~
