Gleipnir



Genres-Action fiction, Romantic comedy
Studios-Pine Jam
Total Episodes-13
Status-Completed

Review

 မကောင်းဆိုးရွားတွေဆိုတာ ဘယ်လိုမျိုးလဲ?
ရက်စက်ကြမ်းတမ်း တဲ့သွေးစုပ်ဖုတ်ကောင်တွေလား? 
ဒါမှမဟုတ် ဒေါက်တာ ဖရန်ကင်စတိုင်းရဲ့ ဖန်တီးမှုတွေထဲကတစ်ခုလား?
Shuichi Kagaya ဆိုတဲ့ကောင်လေးတစ်ယောက်မှာတော့လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်။
ကျောင်းမှာအဆင့်ကောင်းပြီး အားကစားတော်တာအပြင် သူက သာမန်လူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။
တစ်နည်းအားဖြင့် သူ့ကို လူလို့တောင် ခေါ်လို့ရမယ် မထင်ဘူး။
တစ်နေ့သော မနက်ခင်းတစ်ခုမှာ သူဟာ မိစ္ဆာတစ်ကောင်အဖြစ် နိုးထလာခဲ့ပါတော့တယ်။
ခွန်အားကလည်းကြီး အနံ့ခံအာရုံကလည်းပြင်းနဲ့ အမွှေးထူထူခြေလက်တွေအပြင် ကိုယ့်ကိုယ်မုန်းတီးမှုတွေ ဒီပလက်ရှင်တွေနဲ့အတူ သူဟာ လူသားပုံစံကို ဆုံးရှုံးသွားပါတော့တယ်။
အဲ့ဒီအခါမှာ Claire Aoki ဆိုတဲ့ကောင်မလေးက သူ့ကိုကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
အကောင်းကယ်တယ်မထင်လိုက်ပါနဲ့ ပရိတ်သတ်ကြီး..မိန်းမမာယာ သဲကိုးဖြာဆိုတဲ့အတိုင်း မယ်မင်းကြီးမဟာ ကောင်လေးရဲ့လျှို့ဝှက်ချက်ကို ချုပ်ကိုင်ပီး ခိုင်းစားပါတော့တယ်။
 (လူတစ်ပိုင်း နွားတစ်ပိုင်း ခွေးတစ်ပိုင်းလေး)
Claire Aoki ဆိုတာဟာ ဘယ်သူသေသေ ငတေမာပြီးရောဆိုသလို ဘယ်သူ့အသက်ကိုမှပဓာနမထား အကြင်နာတရားလည်းမဲ့တဲ့ မိန်းကလေးမျိုးပါ။
Shuichi နဲ့မတွေ့ခင်က သူမဟာ မကောင်းဆိုးရွားဖြစ်သွားတဲ့ သူ့ ညီမ/အမ (သေချာမသိရသေး) ကိုရှာဖို့ မိစ္ဆာအမဲလိုက်နေခဲ့သူပါ။
ခုတော့ Shuichi လေးခမျာ လက်ကျန်လူသားဆန်စိတ်လေးနဲ့ တုံးအစွာပဲ သူမနဲ့အတူ ပူးပေါင်းနေခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့ စွန့်စားခန်းတွေက ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ? 
Shuichi ကရော သူ့ရဲ့လူသားဆန်စိတ်လေးကို ထိန်းထားနိုင်ပါ့မလား??
ဆက်လက်စောင့်ကြည့်ကြရအောင်ဗျာ..။
#Admin_Haruko

Translator-Haruko Kirari@Suzanna
Encoders-Vax Yokoshi & Haruko Kirari@Suzanna
Quality - 1080p&720p

 Download Links

Episode 01

Episode 02

Episode 03

Episode 04

Episode 05

Episode 06

Episode 07

Episode 08

Episode 09

Episode 10

Episode 11

Episode 12

Episode 13

~End~